Online Enrollment System အတွက် ကြေညာချက်
၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့မှစ၍ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် တက်ရောက်မည့် ကျောင်းသား/သူများသည် Online Enrollment System ကို အသုံးပြုရမည်။
Online Enrollment System ကို ပြုလုပ်ရန် —>
User Manual Guide နှင့် AYA PAY မှ ကျောင်းလခပေးသွင်းပုံအဆင့်ဆင့် ကို Download ပြုလုပ်၍ လေ့လာပြီး lms.yuoe.edu.mm တွင် မိမိတို့ကိုယ်တိုင် ဝင်ရောက်ကျောင်းအပ်နှံရမည်။
မှတ်ချက် (1) Online Enrollment System ဖြင့်စတင်ပြုလုပ်မည့် (ပထမနှစ်) ကျောင်းသား/သူများသည် Email အကောင့်တစ်ခု ဖွင့်ထားရန် လိုအပ်ပါမည်။ E-mail Account ဖွင့်နည်း
(2) ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ် ကျောင်းသား/သူများသည် မိမိတို့ အပ်နှံလိုသည့်အတန်းကို ရွေးချယ်၍ YUOE Students/Old Student Button ကိုနှိပ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် မွေးသက္ကရာဇ်ကို ရိုက်နှိပ်ပြီးမှ Submit လုပ်ပြီး လိုအပ်သည့် Data များကို ဖြည့်စွက်ပေးရမည်။
(3) ပထမနှစ်နှင့် တတိယနှစ် သင်တန်းတက်ရောက်မည့် ကျောင်းသား/သူများသည် Online Enrollment ဖြင့် ပြုလုပ်ပြီးပါက ကျောင်းသားရေးရာဌာနတွင် အထူးပြုဘာသာတွဲ လျှောက်လွှာကို လာရောက်ဖြည့်သွင်း ပေးရပါမည်။